လေရှီး ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်း ဆက်လက်ဆောင်ရွက်နေပြီး နယ်စပ်ဂိတ်ရန် နွေးဂိတ်နှင့် ငကျန်ဂိတ်၊ မြို့ အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရာတွင် လေရှီးမြို့နယ်အတွင်း အခြားဒေသများမှ လာရောက်ကြသူများအား ကျန်းမာရေး စစ်ဆေးခြင်း၊ ထောက်ခံချက်စစ်ဆေးခြင်း၊ ခရီးသွားလူအဝင်/ အထွက် စစ်ဆေးခြင်းနှင့် ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ကျန်းမာရေးထောက်ခံချက် ပါ/မပါ သွားလာခွင့်ပြုချက်များ ရထားမှုအခြေအနေများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခဘိုး လေရှီးမြို့နယ်(ပြန်/ဆက်)


