လေရှီး ၁ ဧပြီ
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ရောက်ရှိပြန့်ပွား ကူးစက်မှုမရှိစေရေး နာဂဒေသ လေရှီးမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းကော်မတီဖွဲ့၍ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီးပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ မြို့အဝင်အထွက်များတွင် ခရီးသွား ပြည်သူများအား အသိပညာပေးစစ်ဆေးခြင်း၊ လိုအပ်ပါက စောင့်ကြည့်လူနာအဖြစ် ထားရှိခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ခဘိုး(လေရှီး)


