လေရှီး ၁၈ စက်တင်ဘာ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းကာ မြို့တွင်း ရေကြီးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် လူနေအိမ်အချို့နှင့် ဌာနဆိုင်ရာ ရုံးအချို့တို့တွင် ရေလွှမ်းမိုးမှုဖြစ်ခဲ့ကြောင်း သိရသည်။
မိုးရေချိန် ၈ လက္မခန့်ရှိပြီးမိုး ရေကြီးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမရှိသော်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
လေရှီး(ပြန်/ဆက်)


