လေထဲမှာ ပေါလောပေါ်နိုင်တဲ့ 3D ပုံရိပ်တွေကို သိပ္ပံပညာရှင်တွေ ထုတ်လုပ်

၃၀ ဇန်နဝါရီ

 

ဂန္ထဝင် သိပ္ပံစိတ်ကူးယဉ်အဖြစ်ဆုံး နည်းပညာတွေထဲက တစ်ခုအဖြစ် သိပ္ပံပညာရှင်တွေဟာ လေထဲမှာ ဂရပ်ဖစ်ဒီဇိုင်းဆွဲ သလိုမျိုး 3D လက်ရာတွေကို တီထွင်ရေးဆွဲနိုင်ခဲ့ပြီလို့ ဒီသတင်းပတ်အတွင်းက Nature ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ စာတမ်းအရ သိရပါတယ်။

 

 

အလင်းရောင်တင်ဖို့ နေရာမလိုတဲ့ အတွဲလိုက်လက်ရာတွေကို အမေရိကန်အနောက်ပိုင်း Utah မှာရှိတဲ့ ဘရစ်ဟန် လူငယ်တက္ကသိုလ်မှ သုတေသီအုပ်စုကနေ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ “ လေထဲက တောက်ပတဲ့ အလင်းရောင် လက်ရာတွေ ” လို့ အမည်ပေးထားတဲ့ အဲဒီလက်ရာသစ်တွေဟာ ပါးလွှာတဲ့ လေထုထဲမှာတောင် အရုပ်ထင်စေနိုင်ပြီး ဘယ်ဘက်ကမဆို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ပုံရိပ်တွေ ပြသဖို့အတွက် ကလစ်ဘုတ်လိုမျိုး အရာဝတ္ထုမလိုဘူးလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

လေထဲမှာ အလင်းရောင်ကာစရာမရှိဘဲနဲ့ 3D မြင်ကွင်းကို ကြည့်ရှုခံစားနိုင်ပါ့မလားဆိုပြီး သံသယဖြစ်စေနိုင်ပေမယ့်လည်း ပုံရိပ်တွေကို အထူးလေဆာရောင်ခြည်တွေနဲ့ စီမံရေးဆွဲထားတာဖြစ်တယ်လို့ သုံးဘက်မြင် 3D ဆိုင်ရာ ကျွမ်းကျင်သူ သုတေသန အဖွဲ့ခေါင်းဆောင် ဒန်နီရယ် စမောလေးက ပြောပါတယ်။ Nature ထုတ်ပြန်ချက်အရ အဲဒီလက်ရာတွေဟာ photophoretic ထောင်ချောက်ထဲမှာ အနီးမြင် လေဆာတစ်စုံကနေ ပြောင်းပေးလိုက်တဲ့ သီးခြား cellulose အမှုန်လေးတွေဖြစ်တယ်လို့ သိရပါတယ်။

 

 

လက်ရာတစ်ခုဟာ အနီရောင်၊အစိမ်းရောင်နဲ့ အပြာရောင်အလင်းတန်းတွေနဲ့ ထိတွေ့နေစဉ်မှာ  ထောင်ချောက်နဲ့ အမှုန်ကနေပြီးတော့ ဓာတ်မှန်ရိုက်သလို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်လို့ သိရပါတယ်။ ရလဒ်အနေနဲ့ သုံးဘက်မြင် ပုံရိပ်တွေ ဟာ လေထဲမှာ ကြီးမားတဲ့ ရောင်စုံနယ်ပယ်တစ်ခု ဖြစ်လာပါတယ်။ အစက်အပြောက် နည်းပါးပြီး အသေးစိတ်လည်း မြင်ရ တယ်လို့ ဆိုပါတယ်။

 

 

ဒီလက်ရာတွေဟာ အလင်းရောင်အတွက် 3D ပရင်တာလိုပဲလို့ စမောလေးက ပြောခဲ့ပြီး ဒီအမှုန်သေးသေးလေးတွေနဲ့ လေထဲ မှာ အရာဝတ္ထုတစ်ခုကို ပရင့်ထုတ်လို့ ရတယ်လို့ သိရပါတယ်။

 

 

(MDN)
ကိုးကား-ဆင်ဟွာ