ရန်ကုန် မတ် ၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်ပျိုးမွေးမြူရေးအမှတ်(၁)ရပ်ကွက် ၊ အမှတ် (၂)လမ်း နှင့် ဘုရင့်နောင်လမ်းဆုံမြေနေရာ အကျယ်အဝန်း ၀ ဒသမ ၆၂၈ ဧကပေါ်ရှိ လေးထောင့် ကန် တြိဂံပန်းခြံ၌ မြေညှိပြုပြင်ပြီး ထိုင်ဝမ်မြက်စိုက်ပျိုးနေမှု၊ ပန်းခြံအလယ်၌ ရေစု ကန်တူးဖော်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံရေရှည်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ပေးရန်၊ ပန်းခြံပတ်လမ်း Interlock ခင်းကျင်းရန်နှင့် ပန်းခြံဝန်းကျင် သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

အဆိုပါပန်းခြံကို ရပ်ကွက်နေပြည်သူများ၊ ကလေးသူငယ်များ၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်နှင့် အပန်းဖြေအနားယူနိုင်စေရန် ရည်ရွယ်လျက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်