မြောင်းမြ အောက်တိုဘာ ၂၈
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေထုညစ်ညမ်းမှု လျော့ချရေး ကမ်ပိန်းတစ်ရပ် အဖြစ် ပုသိမ်မြို့မှ PCC (Pathein Cycling Club ) စက်ဘီးစီးအဖွဲ့ယမန်နေ့ ၊ နံနက် ၈ နာရီခွဲက မြောင်းမြမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
"လေထုညစ်ညမ်းမှု လျော့ချရေး ကမ်ပိန်းအနေနဲ့ ပုသိမ်- မြောင်းမြ ၃ နာရီခရီး စက်ဘီးစီးကြတာပါ ၊ စက်ဘီးစီးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သလို ပတ်ဝန်းကျင် ထိန်းသိမ်းမှု လည်းဖြစ်စေပါတယ်၊ စက်ဘီးစီးအားကစားတစ်ရပ် ဖွံ့ဖြိုးတိုးတက် စေလိုပါတယ်" ဟု PCC စက်ဘီးစီးအဖွဲ့ ဥက္ကဌ ကိုမင်းသိမ်း က ပြောသည်။
အဆိုပါ စက်ဘီးစီးအဖွဲ့ဝွဲ့ဝင်များသည် မြောင်းမြခုတင် ၂၀ဝ ပြည်သူ့ဆေးရုံတွင် ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ထံ ဝင်ရောက်၍ ဆေးရုံတက် လူနာများအတွက် အလှူငွေ ကျပ် ၁၀ သိန်းခန့် ပေးအပ်လှူဒါန်းခဲ့ပြီး မြောင်းမြမြို့သား အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ရင်ပြင်သွားရောက်လေ့လာကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)


