ဘရပ်ဆဲလ်၊ နိုဝင်ဘာ   ၂၇

 

လေထုညစ်ညမ်းမှုသည် လက်ရှိအချိန်တွင် ဥရောပနိုင်ငံများ၌  အရေးကြီးဆုံး  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး အန္တရာယ်ဖြစ်စေကြောင်း   ဥရောပသမဂ္ဂ ပတ်ဝန်းကျင်အေဂျင်စီက  ယမန်နေ့က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

၂၀၂၁ ခုနှစ်တွင် လေထုညစ်ညမ်းမှု ပမာဏသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၎င်း၏ လေထုအရည်အသွေး လမ်းညွှန်ချက်များတွင် အကြံပြုထားသည့် အဆင့်များထက် ကောင်းမွန်လျက်ရှိနေသေးကြောင်း ဥရောပပတ်ဝန်းကျင် အေဂျင်စီက အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

လေထုညစ်ညမ်းမှု မရှိစေရေး ကာကွယ်တားဆီး ဆောင်ရွက်ခြင်းသည် သိသာထင်ရှားသော သေဆုံးမှု အရေအတွက်ကို တားဆီးနိုင်လိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

ဥရောပသမဂ္ဂနိုင်ငံများအတွင်း ၂၀၂၁ ခုနှစ်အတွင်း သေဆုံးသူအရေအတွက် ၃၂၀၀၀၀ ကျော်သည် လေထုညစ်ညမ်း စေသည့် အမှုန်အမွှားများနှင့် ဆက်စပ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

 

လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်နှင့် ဆီးချိုရောဂါကဲ့သို့သော ရောဂါများဖြစ်စေ ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်