မြို့သစ် နိုဝင်ဘာ ၁၁
မကွေးခရိုင် မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာသည် အိမ်ခြေနှင့် လူဦးရေများသော ကျေးရွာဖြစ်သော်လည်း ရွာတွင်းလမ်းများ ကျဉ်းမြောင်းနေသည့်အတွက် သွားလာရေးအဆင်မပြေမှုများ ဖြစ်သည့်အတွက် ရွာပတ်လမ်းခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီးပိုလျှံငွေဖြင့် ဖောက်လုပ်ခဲ့သည်။
အဆိုပါ လေးတိုင်စင်ကျေးရွာ ရွာပတ်လမ်းပိုင်းကို ဖောက်လုပ်ခြင်းအားဖြင့် ကျေးရွာနေပြည်သူများ သွားရေးလာရေးအဆင်ပြေစွာ သွားလာနိုင်ခြင်း၊ လေးတိုင်စင်ကျေးရွာ၏ ဝင်ထွက်သွားလာမှု အဆင်ပြေခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းဟုလည်း ဖောက်လုပ်ပေးထားခြင်းဖြစ်သည်။
အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ဂွေးတောကျေးရွာ၊ သပြေစမ်းကျေးရွာ၊ သမျှားကျေးရွာ၊ ငါးလုံးဖို ကျေးရွာများ၏ လယ်ယာထွက်ကုန်များကို လွယ်ကူစွာ သွားရောက်ရောင်းချနိုင်မည်ဖြစ်သည်။ လေးတိုင်စင်လမ်းပိုင်းကို သြဂုတ် ၁၄ ရက်က စတင်ဖောက်လုပ်ခြင်းဖြစ်ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
ရွာပတ်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ပိုလျှံငွေဖြင့် ခွင့်ပြုငွေကျပ် (၂၇ ဒသမ ၀၀)သန်းဖြင့် လမ်းအရှည်(၁) မိုင်လမ်းအကျယ်(၁၂)ပေ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါကျေးရွာ (၇)ရွာရှိ မိဘပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်များအတွက် အသုံးပြုနေရပြီဖြစ်ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)


