လဟယ်၊ ၁၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၁၅ ဒသမ ၉၈၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း လဟယ်မြို့နယ်ဘက်ခြမ်း ကျန် ၅၅/၂ မိုင်မှ ၃/၀ မိုင် ၂၃ ပေ အကျယ် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန် းဆောင်ရွက်နေမှုကို ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လဟယ်)မှ ဌာန တာ၀န်ရှိသူများက ဒီဇင်ဘာ ၁၅ ရက်က ကွင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
၎င်းလုပ်ငန်းကို စာရာမေရိမိသားစု ကုမ္ပဏီက တာ၀န်ယူဖောက်လုပ်နေပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေး သတ်မှတ်ချက် ကိုက်ညီမှုရှိ/မရှိနှင့် အချိန်မီလုပ်ငန်းပြီးစီး အောင်ဆောင်ရွက်နိုင်ရေး ကြီးကြပ်ကွင်းဆင်းခဲ့ပြီး လုပ်ပြီးစီးမှုအနေဖြင့် ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပြီးပါက လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့ကို နေ့ချင်းခရီးသွားရောက်နိုင်တော့မည်ဖြစ်ပြီး ကျေးရွာ(၂၉)ရွာ၊ အိမ်ခြေ(၂၀၁၅)လုံး၊ လူဦးရေ (၁၀၉၉၃)ဦးရှိ ကျေးလက်နေပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍမှာလည်း များစွာ အထောက်အကူပြုမည့်အပြင် လူနေမှုဘ၀များ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)


