လဟယ် ၁၃ ဇန်နဝါရီ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ဇေယျာသီရိ ကျောင်းဆောင်(၂) တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ပြည်သူ ၃၁၀ နှင့် အသက်ဆယ်နှစ်ပြည့် ကျောင်းသား ကျောင်းသူ ၃၄၈ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၅၈ ကတ် ပေးအပ်ခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို တည်ဆဲဉပဒေများ၊ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်မ၊ တောင်တန်းမခွဲခြားပဲ နာဂတောင်တန်းမှာ နေထိုင်သည့် တိုင်းရင်းသားများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ရုံးသို့ ကိုယ်တိုင်မဆောင်ရွက်နိုင်သည့် နေရာများကို ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)