ထန်ပါခွေ ၂ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေမြို့၌ ယနေ့ နံနက်က ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးကို တစ်လလျှင် တစ်သောင်းခွဲနှုန်းဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်လေးသောင်းခွဲစီ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


