လဟယ် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့ ပေါ်ရပ်ကွက်နှင့်လဟယ်-ဆင်သေလမ်းပေါ် ရှိကျေးရွာအုပ်စုများနှင့် လဟယ်-နန်းယွန်း ကြားလမ်းပေါ် ရှိကျေးရွာများအား Sinopharmကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို၂၀၂၁ခုနှစ်ဩဂုတ် (၂၀)ရက်မှစတင်၍ (၂၂)ရက်အထိ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအားဦးစားပေးထိုးနှံပေးလျှက်ရှိပြီး မြို့ပေါ် ရပ်ကွက်တွင်(၃၄၃)ဦး၊လဟယ်-ခန္တီးမြို့နယ်ကြား ကားလမ်းပေါ်ရှိကျေးရွာများဖြစ်သော စံပြကျေးရွာ တွင် (၃၈)ဦး၊ ဆော်လော်နောက်အင်းကျေးရွာတွင် (၈၉)ဦး၊ မွန်ထွေကျေးရွာ တွင်(၇၅)ဦး၊ မွန်နောက် ပြောင် ကျေးရွာတွင်(၃၄)ဦး၊ဆပ္ပလောင်ရှောင်ကျေရွာမှ(၇၀)၊ခါးငွေးကျေးရွာမှ(၉၀)နှင့် လဟယ်မြို့နယ် နှင့်နန်းယွန်းမြို့နယ်ကြား ကားလမ်းပေါ် ရှိမကျန်ကျေးရွာမှ(၄၃)ဦးစံတုံကျေးရွာမှ (၉၄)ဦးစုစုပေါင်း(၉၆၀)တို့အားSinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီဖြစ်၍ ရည်မှန်းဦးရေ(၁၀၀၀) အနက်ကျန်(၄၀) အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းကာကွယ်ဆေးထိုးနှံခြင်းကို နာဂဒေသစီမံအုပ်အုပ်ရေးအဖွဲ့ အနီးကပ်ကြီးကြပ်၍ လဟယ်မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဉက္ကဌ ဦးဇာနည်၀င်းဦးဆောင်မှုဖြင့်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရှားဆက်(လဟယ်)


