လဟယ်၊ ၂၈ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတတ်ရေးဉီးစီး ဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၅၀ ဒသမ ၉၄၀) သန်းဖြင့် အင်ဂျင်နီယာဌာနမှ တာဝန်ယူဆောင်ရွက်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ နယ်၊ ထန်ပါခွေ-တာမောင်-မခွါလယ်(၂၄/၀)မိုင်တွင်(၁/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၏ (၈၀) ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံ့း (လဟယ်)မှ တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လမ်းအရှည်မှာ (၂၄)မိုင်ဖြစ်ပြီး (၉)မိုင်ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိသောမြေလမ်း (၁၅/၀) မိုင်အား ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများလျာထား၍ ဆက်လက်ဖောက်လုပ်သွားမည်ဖြစ်ပါကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသော အဆိုပါလမ်း ဆောင်ရွက်ပြီးစီးသွားပါက ထန်ပါခွေမြို့နှင့် ကျေးရွာ(၃)ရွာ၊ အိမ်ခြေ(၃၂၈)လုံး၊ လူဉီးရေ (၂၃၄၆)ဉီးတို့၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေးများအကျိုးပြု ကောင်းမွန်လာမည်ဖြစ်ပါကြောင်း သိရသည်။
မွှေးကြူဇင်


