လဟယ်   ၁၄  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် (၆၃၈ ဒသမ ၈၂၀)သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ နာဂဒေသ ခေတ္တ နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လဟယ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှသိရသည်။

 

အဆိုပါလုပ်ငန်းများမှာ မြေသားလမ်း(၂၃)ပေအကျယ်(၄/၀)မိုင်ဖောက်က်လုပ်ခြင်း၊ ကျောက် ချောလမ်း (၁/၀)မိုင်၊ Box Culvert (၁၃)စင်း၊ လဟယ်(အ.ထ.က)ကျောင်းဆောင် (၉၀×၃၀)Steel  Structure (၂)ထပ် ကျောင်းဆောင်(၁)ဆောင်၊ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းဆောက်လုပ်ရန် ထောက်ပံ့ခြင်း၊ ဂိတ်တံခါး(၂)ခုဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများလုပ်ငန်းအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးကြောင်း သိရသည်။ ထို့အတူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဗဟို)နှင့်သီလရှင်ကျောင်းတို့ကို ဆန်(၁၀) အိတ်နှုန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း ဆက်လက်ပြောကြားသည်။

 

မွှေးကြူဇင်