လဟယ်၊ ၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ပေးနိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားနှင့် ပန်းရံသင်တန်းကို ဖေဖော်ဝါရီ ၄ ရက်က ဆော်လော်နောက်အင်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းတွင်ပို့ချသည့် ပညာရပ်များကို အမှန်တကယ် ကျွမ်းကျင် တတ်မြောက်အောင် သင်ယူကာ လူမှုစီးပွားဘဝများ၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။ ကိုဗစ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ လက်သမားနှင့် ပန်းရံသင်တန်းကို မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းနှင့် ဝန်ထမ်းများက ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး၊ ဆော်လော်နောက်အင်း ကျေးရွာမှ သင်တန်းသား ၂၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မွှေးကြူဇင်


