လဟယ်၊  ၁၅  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေ (၅၀ ဒသမ ၉၄၀) ကျပ်သန်းဖြင့် လဟယ်မြို့နယ် ထန်ပါခွေ- တာမောင်-မခွါလယ်ကြား(၂၄/၀)မိုင်တွင် အကျယ်‌(၂၄)ပေ၊ မြေသားလမ်း(၁/၀)မိုင် ဖောက်လုပ်နေမှုကို နာဂဦးစီးအဖွဲ့၊ ဒေသအဆင့်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့၀င်များနှင့် ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် ရုံးအဖွဲ့တို့ ဇန်နဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ  လမ်းအရှည်မှာ (၂၄/၀)မိုင်ရှိပြီး (၉/၀)မိုင် ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း၊ ယခု ဘဏ္ဍာနှစ်တွင် (၁/၀) ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးမှုအနေဖြင့် (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးကြောင်း သိရသည်။ ဖောက်လုပ်ရန် ကျန်ရှိသည်များကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများလျားထား၍ ဆက်လက်ဖောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက လဟယ်မြို့နယ်၊ ထန်ပါ‌ခွေမြို့နှင့် ကျေးရွာ(၃)ရွာမှ အိမ်ခြေ  (၃၂၀) အိမ်လူဦးရေ (၂၃၄၆)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး ယခင်ထက် ပိုမိုကောင်းမွန်ကောင်းမွန်လာပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စီးပွားရေးကဏ္ဍနှင့် လူနေမှုဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း ထံမှ သိရသည်။

မွှေးကြူဇင်