လဟယ် အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ရှိ ဦးတည်အုပ်စု ၂၃ အုပ်စုရှိ ကျေးရွာများ၌ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဦးတည်အုပ်စုများအလိုက် ဦးစားပေးထိုးနှံပေးလျက်ရှိပြီး Sinopharm ကာကွယ်ဆေးများကို သတ်မှတ်ဦးရေ ၂၀၀၀ ပြည့်မီအောင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက်(လဟယ်)