mdn

 

လဟယ် ဇူလိုင် ၂၆

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ယမ်ကြိမ်အုပ်စု၊ ရွှေလောကျေးရွာနှင့် ဟောက် ရပ်ကျေးတို့တွင် ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ 

 

ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် နှစ်စဉ်အသုံးစရိတ်များ လျာထားဆောင်ရွက်လျှက်ရှိပြီး  ရွှေလောကျေးရွာတွင် ရေတာတမံတည်ဆောက်ခြင်း(၂၅’ x ၃’ x ၅’) ရေပိုက်သွယ်တန်းခြင်း (၂/၃.၅)မိုင်နှင့်  ဟောက်ရပ်ကျေးရွာတွင် ရေတာတမံတည်ဆောက်ခြင်း (၈’ x ၃’ x ၅’)၊ ရေပိုက်သွယ်တန်းခြင်း (၃)မိုင်ကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း  သိရှိရသည်။

 

ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများအား ကျေးရွာကော်မ တီဖွဲ့စည်း၍ အိမ်ထောင်စု (၃၇၃) ဦး၊ လူဦးရေ ၂၅၁၁ ဦးတို့အတွက် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ထိန်းသိမ်းရေး အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံသို့ လုပ်ငန်းများစနစ်တကျလွဲပြောင်း အပ်နှံမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်း ထံမှ သိရသည်။ 

မွှေးကြူဇင်