လဟယ် နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပသည်။
နာဂဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် လဟယ်အမျိုးသမီး သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို (၂၆-၁၂-၂၀၀၅)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှုစက်ချုပ်သင်တန်း ၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ သိုးမွေးစက်သင်တန်း၊ ကြိမ်ဝါးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်းသင်တန်းသား (၁၃၅၄)ဦးကို သင်တန်းကျောင်းမှမွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်တွင် သင်တန်းသူ(၂၅)ဦး၊ ရိုးရာဂျပ်ခုတ် သင်တန်းအမှတ်စဉ်တွင် သင်တန်းသူ(၅)ဦး စုစုပေါင်းသင်တန်းသူ(၃၀)ကို နိုဝင်ဘာလ(၃၀)ရက်မှ မတ်လ(၃၁)ရက်ထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ(၁၈) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ပါမင်းလိုင်(လဟယ်)