လဟယ် ၃၁ ဇန်နဝါရီ
ချင်းပြည်နယ်၊ လဟယ်မြို့နယ်၊ ထန်ခေါ်နောက်ကုန်းကျေးရွာအနီး တောင်ယာမီးရှို့ရာမှ လူလေးဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် တောင်ယာမီးရှို့သဖြင့် လူလေးဦးသေဆုံးသွားကြောင်း သတင်းအရ လဟယ်မြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်သန်းထိုက်သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာ ထန်းခေါ်နောက်ကျေးရွာအနီးရှိ တောင်ယာခင်းသို့ သွားရောက်စစ်ဆေးရာ ထန်ခေါ်နောက်ကျေးရွာနှင့် ၃ မိုင်ခန့်အကွာ အမြင့်ပေ ၃၀၀၀၊ အကျယ် ၁၅ ဧကရှိ နေရာအား တောမီးရှို့သဖြင့် လဟယ်မြို့နယ်၊ ထန်ခေါ်လန်မကျေးရွာနေ ဒေါ်ပေါက်ဆား၊ ဒေါ်ကွေးနား၊ မလင်နာနှင့် မောင်မောင်းညူကွမ်ပုတို့ မီးလောင်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ တောင်ယာမီးရှို့ရာတွင် ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ တာဝန်ပျက်ကွက်သူ ထန်းခေါ်နောက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလန်း၊ ဦးပါနှင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးခါနူးဝေကောက်တို့ သုံးဦးအား လဟယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းနှင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လူအောင်(ကသာ)