လဟယ် ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး တတိယအသုတ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ လဟယ်မြို့အထက်တန်းကျောင်းသီတဂူကျောင်းဆောင်၌ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အနေဖြင့် ပထမအသုတ်တွင်(၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင်(၁၀၅)ဦး၊ တတိယအသုတ်တွင်(၂၇၃)ဦးဖြစ်၍ လဟယ်မြို့နယ်အတွင်းကိုဗစ်ကာကွယ်ဆေးထိုးပြီးသူပေါင်း(၂၂၂၅)ဦးဖြစ်ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဉက္ကဌ ဦးထွန်းထွန်း၀င်း၊အတွင်းရေးမှူးဦးနေမင်းသူနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များကသွားရောက်ပြီးကိုဗစ်-၁၉အသိပညာပေး လက်ကမ်းစာစောင်များဖြန်းဝေ ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှု့ခဲ့ကြောင်းသိရသည်။
ထို့နောက် လဟယ်မြို့ ၀င်/ထွက် စစ်ဆေးရေးဂိတ်ဖြစ်သော လဟယ်-ဆင်သေ မြို့၀င်ဂိတ်အမှတ်(၁)နှင့် နန်းယွန်း-လဟယ်စစ်ဆေးရေးဂိတ် အမှတ်(၂)တို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုသွားရောက်စစ်ဆေးခဲ့ပြီးလိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် လဟယ်မြို့ အားကစားကွင်းတွင် ယာယီ Quarantine centre ဆောင်ရွက်ထားရှိမှု ကို သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြောင်းသိရသည်။
ရှားဆက်(လဟယ်)


