လဟယ်  ၁၈     အောက်တိုဘာ             

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ စတုတ္ထအကြိမ်မြောက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ် နှစ်အောက်ကလေးများကို ယနေ့ နံနက် ၁၀ နာရီက လဟယ်မြို့ တာလံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

 

အဆိုပါထောက်ပံ့ပေးမှုကို ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးနှင့် အသက်နှစ်နှစ်အောက်ကလေး ခုနှစ်ဆယ့်ရှစ်ဦးတို့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွက် မိခင်တစ်ဦးကို တစ်လစာ ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလစာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လဟယ်တစ်မြို့နယ်လုံးတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများနှင့် လူမှုရေးခံစားသူများ စုစုပေါင်း (၃၁၄၂) ဦးတို့အား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးမှူး ဦးကိုင်ဝမ်ထံမှ သိရသည်။

 

စနေမောင်(ခန္တီး)