လီဗာပူးအသင်း ဗီလာရီးယဲလ်ကို ဂိုးပြတ်အနိုင်ရရှိ

ဧပြီ ၂၈ ရက် နံနက်ပိုင်းက လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်မှာ ပရီမီယာ လိဂ်ကလပ်လီဗာပူးအသင်းက စပိန်လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါ တယ်။

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅၃ မိနစ်မှာ ဗီလာရီးယဲလ် ကစားသမား အက်တူပီနန်က ကိုယ့်ဂိုးကိုယ်ပြန်သွင်း မိသလိုဖြစ်ခဲ့ရာကနေ တစ်ဂိုးနဲ့ ၅၅ မိနစ်မှာ ဆာဒီယို မာနေးကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆာဒီယိုမာနေးဟာ လီဗာပူးအသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ချန်ပီယံလိဂ် သွင်းဂိုး ၁၄ ဂိုးအထိ ရှိလာခဲ့ပြီး အာဖရိက ကစားသမားတွေထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး ၁၄ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗီလာရီးယဲလ်အသင်းကို ပထမအကျော့မှာ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယ အကျော့ကို မေ ၃ ရက်မှာ ဗီလာရီးယဲလ်အသင်းရဲ့ အိမ်ကွင်း၌ သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ် မှာ အနိုင်ရရှိခဲ့ပါက နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ထဲက အနိုင်ရရှိခဲ့တဲ့အသင်းနဲ့ နောက်ဆုံး ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

ငွေကြယ်