နမ့်စန် ၂၃ ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ပဉ္စမအကြိမ်မြောက် လီဆူရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဝမ်ပုံကျေးရွာအုပ်စု လွိုင်ကုန်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ က ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လီဆူရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

11

 

ထို့နောက် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

 

ဆက်လက်၍ လီဆူတိုင်းရင်းသူများက ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး နမ့်စန်မြို့နယ် လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူး ဒေါ်အက်စတာလေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ထို့နောက် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာက ဖွင့်ပွဲတက်ရောက်လာသော ဧည့်သည် တော်များ၊ လီဆူတိုင်းရင်းသူတိုင်းရင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

 

လီဆူရိုးရာနှစ်သစ်ကူးပွဲတော်ကို လီဆူတိုင်းရင်းသားရေးရာဝန်ကြီး နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ လီဆူတိုင်းရင်းသားတိုင်းရင်းသူများ စုစုပေါင်း ၂၀ဝ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)

 

22