မိုးမိတ် ၁၅  ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ဘော်ဒေကျေးရွာတွင် စတုတ္ထအကြိမ်မြောက် လီဆူရိုးရာနှစ်သစ်ကူးပွဲတော်နှင့်တတိယအကြိမ်မြောက် လီဆူဝန်ကြီးဖလား ဘောလုံး ၊ဘောလီဘော ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နံနက် ၉ နာရီအချိန်တွင် ဘော်ဒေကျေးရွာဘေားလုံးကွင်း၌ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာက ထူးချွန်းထက်မြတ်သော အားကစားသမားကောင်းများပေါ်ထွက်လာစေရေးဟူသော ရည်ရွယ်ချက်များနှင့်ကျင်းပပြုလုပ်ပေးရ ခြင်း ဖြစ်ကြောင်းနှင့် မိမိတို့လီဆူတိုင်းရင်သားများ၏ ဘဝကိုတိုးတက်မြင့်မားလာစေရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီကြစေလိုကြောင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး မိုးမိတ်မြို့နယ်လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီဉက္ကဌက လီဆူရိုးရာ နှစ်သစ် ကူးပွဲတော်သည် မိမိတို့လီဆူလူမျိုးများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် များ ကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးကို ဦးထိပ်ထား လျှက်ကျင်းပလာသည်မှာ စတုတ္ထအကြိမ်ထိကျင့်ပလာနိုင်ခဲ့ပြီး လီဆူတိုင်းရင်းသားများ၏ ကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကိုထည့်သွင်း ကျင်းပပေးရခြင်း ဖြစ်ကြောင်းပြောသည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့ဝင်များက လီဆူရိုးရာနှစ်သစ်ကူးပွဲတော်နှင့် လီဆူဝန်ကြီးဖလား ဘောလုံး၊ ဘောလီဘော ပြိုင်ပွဲအတွက် အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ပြီး ခေတ္တခရိုင် အုပ်ချုပ်ရေး မှူးဦးခင်ဇော်နှင့် လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးစောလေးနော်အောင်တို့က လီဆူရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ပြိုင်ပွဲကျင်းပနေမှုအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။  

စည်သူဌေး(ပြန်/ဆက်)