နမ့်ဆန်   ၂၃  ဒီဇင်ဘာ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လီလုကျေးရွာအုပ်စု လီလု-မန်ပိန်း-လုံတောက် ကျေးရွာသို့ ဆက်သွယ်ထားသည့် ချောင်းဖြတ်တံတား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် ယမန်နေ့က မြို့နယ်စီမံခန်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

2

 

အဆိုပါ ချောင်းဖြတ်တံတားသည် နမ့်ဆန်-လီလု လမ်းမကြီးမှ လီလုကျေးရွာ-မန်ပိန်း ကျေးရွာနှင့် လုံတောက်ကျေးရွာသို့ ဆက်သွယ်ထားသည့် ချောင်းကူးတံတားဖြစ်ပြီး ယခင်တံတားဟောင်းမှာ သစ်သားဖြင့် တည်ဆောက်ထားပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ခင်းထားသည့် သစ်သားများပျက်စီးကာ တံတားကြံ့ခိုင်မှု ကျဆင်းလာခြင်း ဖြစ်သည်။

 

3

 

ယခုအခါ ကျေးရွာနေပြည်သူများ၏ တင်ပြချက်ဖြင့် ၎င်းတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လီလုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

4

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

6