၁၄ မေ
ပီရူးနိုင်ငံ လီမာအမျိုးသမီးအကျဉ်းထောင်မှ အကျဉ်းသူ အမျိုးသမီးတွေက ထောင်ထဲမှာ သူတို့လေ့လာသင်ကြားထားတဲ့ ပညာရပ်တွေကို ပြချင်တဲ့အတွက် အမေနေ့မှာ ဖက်ရှင်ပြပွဲကို စီစဉ်ပြသနေခြင်းဖြစ်ပါတယ်။

အမျိုးသမီးအကျဉ်းသူတွေလေ့လာထားတဲ့ အနုပညာအမျိုးကို ပြသဖို့အတွက် အမေနေ့ကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချပြီး အခုလို ပွဲစီစဉ်ပေးတာပါဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် သားနှစ်ဦးမိခင် အကျဉ်းသူ အယ်ဆေး က မူးယစ်ဆေးဝါးသယ်ယူပေးတဲ့ပစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ကျခံခဲ့ရပါတယ်။

အခုတော့ လက်ကိုင်အိတ် လုပ်ငန်းလေးကို စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ အယ်ဆေးက လူသားတွေက အမှားလုပ်ဖူးကြတယ်လေ အဲဒါကို ပြင်ဆင်နိုင်ဖို့ အခွင့်အရေးရှိဖို့က အရေးကြီးပါတယ်။ ဒီနေရာက ကိုယ့်ရဲ့ဘဝကို ပြုပြင်ပြောင်းလဲနိုင်တယ်။ အဲဒီပြုပြင်ပြောင်းလဲမှုဆိုတာ ကောင်းတဲ့ဘက်ကနေဖြစ်ဖို့လိုတယ်လို့ပြောပါတယ်။
MDN
ကိုးကား - AFP