လိင်အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူရန် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်များ တောင်းဆို

မူရတ်မှာ အိုင်အက်စ် စစ်သွေးကြွများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွင်း အသက်မသေပဲ ကျန်ရစ်ခဲ့သူ တစ်ဦးအဖြစ် ၄င်း၏ အတွေ့အကြုံကိုများကို ပြည်သူများအား  ဟောပြောပေးနေသည့် ယာဇီဒီလူမျိုး အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရမှုမှာ စစ်ပွဲကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်စေရန် ရုန်းကန်လှုပ်ရှားမှု၏ အစဖြစ်ကြောင်း သတင်းထောက်များသို့ မက်ဝီဂီက ပြောကြားသည်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မနိုင်ငံအတွင်း လက်နက်ကိုင်အုပ်စုများ ပိုင်ဆိုင်ခွင့်ရရှိရေး တိုက်ခိုက်နေကြသည့် စိန်နှင့် အခြားသယံဇာတများကို ကမ္ဘာနှင့်အဝန်း အသုံးပြုလျက်ရှိကြောင်း ၄င်းက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေနှင့် ပတ်သက်၍ အချက်အလက်များအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုက ကျူးလွန်သူများကို အရေးယူမှုများ လုပ်ဆောင်ရန် အစိုးရများကို လှုံ့ဆော်ပေးမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ပြည်သူအများစုမှာ အိုင်အက်စ်စစ်သွေးကြွများ၏ ဖမ်းဆီးမှုကို ခံနေရဆဲဖြစ်ကြောင်း၊ ၄င်း၏ အန္တိမရည်မှန်းချက် မှာ ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးဖြစ်ကြောင်း မူရတ် ကဆိုသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆု ပူးတွဲရရှိသူများအတွက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် နေ့လည် ၁နာရီအချိန်တွင် နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ကျင်းပမည်ဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်