ရုံတင်ပြသနေပြီဖြစ်သည့် လိပ်ပြာစံအိမ်ရုပ်ရှင်တွင် သရုပ်ဆောင် ဒေါင်းကို မိန်းမစိတ် နှင့်တစ်ကိုယ်၊ ယောက်ျားစိတ်နှင့်တစ်ကိုယ် ဇာတ်ကောင်စရိုက်နှစ်မျိုးဖြင့် ပရိသတ်များ တွေ့မြင်ရမည်ဖြစ်သည်။

ထိုသို့ ဇာတ်ရုပ်နှစ်မျိုးသရုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ ဒေါင်းက ကျွန်တော့်အတွက် စိန်ခေါ်မှုရှိတဲ့ ကာရိုက်တာပါ၊ ဒီကာရိုက်တာကို စလုပ်မယ်ဆိုကတည်းက mood ကို အပြီးတိုင် ထည့်ထားပြီးသားပါ၊ အဓိက သရုပ်ဆောင်ရတာ ခက်ခဲတဲ့အပိုင်းက အမေ အခန်းပါ၊ အမေနေရာကနေ သရုပ်ဆောင်ရတာ တော်တော်ခက်ခဲတယ်၊ ဒါပေမယ့် ဒါရိုက်တာပြောတဲ့အတိုင်း သေချာကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်” ဟု ပြောသည်။

ဇာတ်ကားကို သွားရောက်ရိုက်ကူးခဲ့သည့်အိမ်ကြီးနှင့် ပတ်သက်၍လည်း “အဲဒီ အိမ်ကြီးက နှစ်ပေါင်းတစ်ရာကျော်နေပြီဆိုတဲ့ အငွေ့အသက်ကြီးက ကျွန်တော်တို့ကို ရိုက်နေရင်းနဲ့ စိတ်လှုပ်ရှားစေတယ်၊ အိမ်ကြီးက အပြင်မှာလည်း တကယ်ကြောက်စရာကောင်းတယ်၊ ကျွန်တော်တို့ တစ်ညလုံး ရိုက်ကူးရတဲ့အခန်းတွေရှိတယ်၊ ရိုက်ရင်းနဲ့ကို ကြောက်ဖို့ကောင်းနေတယ်၊ အခု ရိုက်ထားတဲ့ဇာတ်ကားကို ကိုယ်တိုင်ပြန်ကြည့်တဲ့ အချိန်မှာ ကြောက်လည်း ကြောက်တယ်၊ ရင်လည်းခုန်တယ်၊ အမှတ်တရတွေလည်း ရှိပါတယ်၊ ရိုက်ပြီး နားနေတဲ့အချိန်မှာ ကျွန်တော်တို့ အပေါ်ထပ်ကို မတက်ရဲကြဘူး၊ နားဖို့ပေးထားတဲ့ အခန်းထဲမှာပဲ နေကြတယ်၊ ဘယ်မှမသွားကြဘူး၊ ရိုက်နေရင်းနဲ့ကို စိတ်လှုပ်ရှား ချောက်ချားနေတာပေါ့နော်၊ ဒီဇာတ်ကားထဲမှာ ကစ်ကို တကယ့်အမေ တစ်ယောက်ရဲ့ ခံစားချက်မျိုးနဲ့ တွေ့ရတာ လေးစားပါတယ်၊ အပြင်ကာရိုက်တာ ပျောက်ပြီး အမေဆိုတဲ့ကာရိုက်တာ ၁၀ဝ ရာနှုန်းဝင်နေတာကို မြင်ရတာပါ၊ ကျွန်တော့် အပြောမဟုတ်ပါဘူး၊ ကြည့်ကြည့်ပါ၊ ပရိသတ်ကြီးလာကြည့်ရင်လည်း တကယ်ကို သဘောကျမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်”ဟု ဒေါင်းက ဆက်ပြော ပြသည်။

ကိုလင်း

Related Articles