သံတောင်ကြီး၊   ၁၃  ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ လိပ်သို-ရှမ်းလယ်ပြင်လမ်း (/)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအား နိုဝင်ဘာ ၁၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

လိပ်သို-ရှမ်းလယ်ပြင် မြေသားလမ်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း (/)မိုင်၊ ၂၀၁၅-၂၀၁၆ တွင် (/)မိုင်၊ ၂၀၁၆-၂၀၁၇ တွင် (/) မိုင်(ပြည်ထေင်စု) (/) မိုင်(ပြည်နယ်) ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်းအဖြစ် (/)မိုင် စတင်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လိပ်သို-ရှမ်းလယ်ပြင်လမ်း (/)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဟန်လင်းနိုင်