mdn

နေပြည်တော် ၂၆ အောက်တိုဘာ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-ရှမ်းလယ်ပြင် လမ်းပေါ်ရှိ ()ပေ Box Culvert ()ခု၊ ()ပေ Box Culvert ()ခု ဆောင်ရွက်ပြီးစီးပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (/)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လိပ်သို - ရှမ်းလယ်ပြင်လမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် (/)မိုင်၊ ၂၀၁၅-၂၀၁၆ တွင် (/)မိုင်၊ ၂၀၁၆-၂၀၁၇ တွင် (/) မိုင် မြေသားလမ်းဖောက်လုပ်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (/) မိုင် စုစုပေါင်း (၁၄/) မိုင် မြေသားလမ်း ဖောက်လုပ်ခဲ့ပြီးဖြစ်သည်။

 

သံတောင်ကြီးမြို့နယ် လိပ်သို-ရှမ်းလယ်ပြင်လမ်းပေါ်တွင် ကျေးရွာပေါင်း (၁၀)ရွာ၊ အိမ်ခြေပေါင်း ၇၃၀ အိမ်နှင့် လူဦးရေ စုစုပေါင်း ၃၆၄၁ ဦး နေထိုင်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိပ်သို-ရှမ်းလယ်ပြင်လမ်းကို ကျောက်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်မျိုး