လိပ်သို၊ ၁၁ ဇန်နဝါရီ
ကရင်ပြည်နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် လေ့လာသင်ယူမှု အစဉ်ဖြစ်နေစေရန် ရည်ရွယ်၍ အခြေခံ ကွန်ပျူတာသင်တန်းနှင့် အခြေခံ ပန်းချီသင်တန်းကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဒိုနီးရှာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကွန်ပျူတာနည်းပြ ဆရာမ လေးဦးနှင့် ပန်းချီနည်းပြဆရာမ ငါးဦးတို့က ကွန်ပျူတာသင်တန်း တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၂၀ နှင့် ပန်းချီသင်တန်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၂၀ တို့အား ဇန်နဝါရီ ၁၁ ရက်မှ ၂၀ ရက်အထိ ၁၀ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို လိပ်သိုမြို့ အထက ကျောင်းမှ စီစဉ်ဆောင်ရွက်ပေးထားပြီး ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)


