လိပ်သို ၁၁ အောက်တိုဘာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကင်းထောက်မောင်မယ်လေးများသည် လိပ်သိုမြို့ရှိ Quarantine Centre အတွက် ထမင်းဘူးများနှင့် ရေသန့်ဘူးများကို ယမန်နေ့ ညနေပိုင်းက Quarantine Centre ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် လိပ်သိုမြို့ ကင်းထောက်နည်းပြ ဆရာမ ဒေါ်နော်မြတ်မြတ်စိုးက ဦးဆောင်ပြီး လိပ်သိုမြို့ Quarantine Centre အတွက် စားသောက်ဖွယ်ရာ ထမင်းဘူးများနှင့် ရေသန့်ဘူးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပစ္စည်းများကို ကင်းထောက်နည်းပြ ဆရာမက ပေးအပ်ရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောမြတ်ကျော် က လက်ခံရယူခဲ့ပြီး ဆက်လက်ဝေမျှပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


