လိပ်သို ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည် Mask မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က တောင်ငူ-လိပ်သို ကားလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပထွက်ခွာသူများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယာဉ် မော်တော်ဆိုင်ကယ် စီးနင်းသူနှင့် လိုက်ပါလာသူများအား အပြင်ထွက်တိုင်း နှာခေါင်းစည် Mask တပ်ဆင်သွားလာစေရန်၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask တပ်ဆင်မှု မရှိသူများအား နှာခေါင်းစည် Mask အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် ဦးဆောင်၍ ၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


