ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံရိုင်၊ လိပ်သိုမြို့တွင် အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကျေးလက်နေပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန် လိပ်သိုမြို့ တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အသက် (၆၅) နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများနှင့်ကျေးလက်နေပြည်သူများအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းတို့အား ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများအား မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


