လိပ်သို ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တည်ထားကိုးကွယ်သည့် ရန်ကြီးအောင်စေတီတော်ရင်ပြင်ပေါ်နှင့် လမ်းဘေးတစ်လျှောက်တို့တွင် သန့်ရှင်း ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတီတော်မြတ်ကြီးအား သပ္ပါယ်ကြည်ညိုစွာ ဖူးမျှော်နိုင်စေရန်နှင့် လှပတင့်တယ်စွာ ရှိစေရန်အတွက် စေတီတော် ရင်ပြင်နှင့် စောင်းတန်းသန့်ရှင်းရေး အမှိုက်များရှင်းလင်းခြင်း၊ စေတီတော်ပရဝုဏ် အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေး အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းကို  လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့်   ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များမှ စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ လိပ်သိုမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)