လိပ်သိုမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

လိပ်သို သြဂုတ် ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို သြဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီတွင် လိပ်သိုမြို့ တိုက်နယ်ဆေးရုံ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုက်နယ်ဆရာ၀န် ဒေါက်တာဇေယျာဦးမှ ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ၀န်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါ၀င်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးသူများကို မိနစ် (၃၀) ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လိပ်သိုမြို့တွင် (၆၅)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် သက်ကြီးဘိုးဘွားများအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)

IMG_20210802_141214.jpg