လိပ်သို ၁၉ ဧပြီ

 

ကရင်ပြည်နယ် လိပ်သိုမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားကုန်(၅)မျိုးကို လိပ်သိုမြို့ အ.ထ.က ကျောင်းတွင် ဧပြီ ၁၈ ရက် ညနေပိုင်းက နောက်ဆုံးဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၁)အုပ်စုရှိ အိမ်ထောင်စု (၇၄၅၆)စု၊ လူဦးရေ ၃၄၉၄၁ ဦးအတွက် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

 

လိပ်သိုမြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင်များအား ဧပြီ ၁၂ ရက်မှ စတင်ကာ အခြေခံစားသောက်ကုန် (၅) မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့ကို တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလတွင် ရောဂါကာကွယ်ရေးအတွက် Mask များဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းများပါ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

 

စောဝေါ်ကွောထူး (ပြန်/ဆက်)