မွန်ရိုဗီးယား   ၁၅  ဩဂုတ်

လိုက်ဘေးရီးယားနိုင်ငံ၏ဒုတိယသမ္မတဂျီဝါလ်ဟောင်းဝတ်တေလာသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း လိုက်ဘေးရီးယားကျန်းမာရေး အာဏာပိုင်များက ဩဂုတ် ၁၃ ရက်တွင် အတည်ပြုပြောကြားသည်။

တာဝန်ရှိသူများအနေဖြင့် ဒုတိယသမ္မတမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ကနဦးတွင် ငြင်းဆိုခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနနာဗိုင်းရပ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်ဟု ဩဂုတ် ၁၀ ရက်က ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

တေလာသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် နိုင်ငံ၏မြို့တော် မွန်ရိုဗီးယားရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ကုသခဲ့ကြောင်း အခြားတရားဝင်ထုတ်ပြန်ချက်တစ်ရပ်တွင် ဩဂုတ် ၇ ရက်ကဖော်ပြထားသည်။

ဒုတိယသမ္မတသည် အဆိုပါဆေးရုံ၌ ဆေးဝါးကုသမှုခံယူခဲ့ပြီး နေခက်ထပ်ဆေးဝါးကုသမှု ဆက်လက်ခံယူရန် အတွက် ဩဂုတ် ၁၁ ရက်က အဆိုပါဆေးရုံမှ ဂါနာနိုင်ငံမြို့တော် အက္ကာမြို့ရှိဆေးရုံ တစ်ရုံသို့ လေကြောင်းဖြင့် ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။

လက်ရှိအချိန်၌ လိုက်ဘေးရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၁၂၅၂ ဦးရှိပြီး ၎င်းတို့အနက် ၈၂ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ ၇၃၈ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။

ဘာသာပြန်-ဂျေတီ

ကိုးကား-ဆင်ဟွာ