ရန်ကုန် ၈ ဇွန်

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ် (၁၈) အခြေခံပညာ မူလတန်းကျောင်း၊ မာလာရုံလမ်းဘက်ခြမ်းရှိ အုတ်တံတိုင်းသည် ဇွန် ၇ ရက် မွန်းလွဲ ၃ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

 


 

 

ထိုကဲ့သို့ပြိုကျသွားခဲ့သည့် အုတ်နံရံအား အမှတ်(၁၂)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့၊ လူမှုကူညီရေးအဖွဲ့များနှင့် ရပ်ကွက်ပြည်သူများက ဝိုင်းဝန်းကူညီ ရှင်းလင်းပေးခဲ့ကြကြောင်း သိရှိရသည်။

သန္တာ​မေ(ပြန်/ဆက်)