လှိုင်းဘွဲ ၂၂ ဇွန်

 

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကျေးရွာချင်းဆက်လျက်ရှိသော အခြားကျေးရွာများသို့ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် သံကူကွန်ကရစ်တံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးကြောင်း မြို့နယ် ကျေးလက်လမ်းဦးစီးအရာရှိ ဦးမြင့်ကိုထံမှ သိရှိရသည်။

 

လှိုင်းဘွဲ - ကြာအင်း သံကူကွန်ကရစ်တံတားကို တံတားအရှည် (၁၈၃)ပေ၊ ယာဉ်သွားလမ်း အကျယ် (၁၅)ပေ၊ ယာဉ်တန်ချိန် (၂၀)သာ ဖြတ်သန်းသွားလာနိုင်သော တံတားဖြစ်ရာ ဂျပန်နိုင်ငံမှ ကျပ်(၁၈၃)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ကြာအင်း၊ ဝိုင်းထော်၊ ကွီးလေး၊ ကွမ်းတော၊ ကမားထ၊ ကမော့လဲ(ကျောင်း)၊ တောင်စွန်း၊ မြိုင်ကြီးငူအထူးဒေသရှိ ကျေးရွာ(၂၄)ရွာ စုစုပေါင်း ကျေးရွာ(၃၂)ရွာ၊ အိမ်ထောင်စု (၄၀၁၄)စု၊ လူဦးရေ(၂၃၄၅၂)ဦးခန့် အကျိုးပြုမည့် တံတားတစ်စင်း ဖြစ်သည်။

 

အဆိုပါတံတားပြီးစီးသွားမှုကြောင့် ကျေးလက်ဒေသတစ်ခု၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝလည်း တိုးတက်မြင့်မားလာမည် ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)