လှိုင်းဘွဲ  ၁၈  အောက်တိုဘာ

 

သီတင်းကျွတ်ကျောင်းပိတ်ရက်အားလပ်နေသော ကျောင်းသားကျောင်းသူများအားကာယ၊ ဉာဏစွမ်းရည်များတိုးတက်လာစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လည်ပိုင်းကပြိုင်ပွဲများ ကျင်းပခဲ့သည်။

 

1

 

 

ကျောင်းသားကျောင်းသူများအား ဉာဏစွမ်းရည်တိုးတက်လာစေရေးအတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်များအား လည်းကောင်း၊ ကာယစွမ်းရည်တိုးတက်လာစေရေးအတွက် ဇွန်းကိုက်ဘောလုံးသယ်ပြိုင်ပွဲ၊ ဘောလုံးမှုတ်ပြိုင်ပွဲများအားလည်း ကောင်းကျင်းပပေးခဲ့ပြီး အအေးနှင့်မုန့်များ ကျွေးမွေးခဲ့သည်။

 

1

 

အဆိုပါ ကျောင်းသားကျောင်းသူလေးများကို အားလပ်ချိန်များအား အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦးပိုမိုရင်းနှီးမှုများရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက် တတ်သည့် အလေ့အကျင့်များရရှိလာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုများ ရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)