နေပြည်တော် ဩဂုတ် ၂၅
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၂၁ ဒသမ ၅၀ သန်းဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲ - ပိုင်ကျုံ - မိကြောင် - ဖားအိ - သမို - ရောထ - ဝါးမီးကလား - သရီးဖိုးခွီး - ရှမ်းရွာသစ် ၂၈ မိုင် ၄ ဖာလုံ လမ်းပေါ်တွင် ပေ ၁၈၀ RC တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နယ်စပ် ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
အဆိုပါတံတား ပြီးစီးသွား၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာ၊ အိမ်ခြေ ၁၇၂၈ အိမ်၊ အိမ်ထောင်စု ၁၉၄၆ စု၊ လူဦးရေ ၁၀၂၈၆ ဦးတို့ ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


