ရှမ်းရွာသစ် ၆ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများ ဝင်ရောက် တိုက်စားသဖြင့် ဩဂုတ် ၅ ရက် ည ၉ နာရီခွဲခန့်တွင် မဲသမူကျေးရွာအုပ်စုအတွင်း လှိုင်းဘွဲ-ရှမ်းရွာသစ် ကားလမ်းပေါ်ရှိ အမှတ် (29.2 -29.4) km အကြား အရှည်(၁၉၅)ပေနှင့် အကျယ်(၃၀)ပေရှိ မိုးပျံတံတား ချဉ်းကပ်လမ်းရေ တိုက်စားမှုကြောင့် ကတ္တရာလမ်းသား (၉)ပေ၊ အကျယ် (၂၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့၍ လိုအပ်သည်များကို စီမံဆောင်ရွက်လျက်ရှိပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာမှု ယာယီပြတ်တောက်လျက်ရှိကာ လက်ရှိအချိန်တွင် ဆိုင်ကယ်များသာ သွားလာ၍ ရနိုင်ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)


