လှိုင်းဘွဲ ၃ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းလာသဖြင့် မဲပချောင်းနှင့် လှိုင်းဘွဲချောင်းရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့ နှင့် မြို့မဈေးအတွင်းသို့ ရေများဝင်ရောက်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မြို့မဈေးအား အာဇာနည်လမ်းသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရေဝင်ရောက်မှုအခြေအနေမှာ (ဃ)ရပ်ကွက်မြို့မဈေးအတွင်းသို့ (၃)ပေခန့်၊ (ခ)ရက်ကွက် ရွှေပြည်အေးလမ်း၊ ပိုင်ကလောင်လမ်း (၂)ပေ၊ အုတ်ဖိုလမ်း (၃)ပေ၊ ပတ္တမြားအပိုင်းအတွင်းသို့ (၄)ပေခန့်၊ (က)ရပ်ကွက် ပိတောက်လမ်းနှင့် ဒေါနလမ်းတို့တွင် (၂)ပေခန့် ရေများဝင်ရောက်၍ စိုးရမ်ရေအမှတ် (၁၀၁၅) စင်တီမီတာ မြင့်တက်လျက်ရှိရာ အိမ်ထောင်စုဝင်များအနေဖြင့် ပြောင်းရွှေ့ခြင်း မရှိသေး ကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။
MDN


