လှိုင်းဘွဲ ၂၅ ဇွန်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြို့တံတား လှိုင်းဘွဲမြစ် ကမ်းဘေးကာကွယ်ရေး ကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ ကျောက်စီတမံတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်၁၇၂ ဒသမ ၅၇ သန်းဖြင့် ကျောက်စီနံရံ အလျား (၃၇၅) ပေအား ဟိလာအောင် ကုမ္ပဏီ လီမီတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၃) ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးသွားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရှိရသည်။
ကျောက်စီတမံတည်ဆောက်ခြင်းကြောင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော လှိုင်းဘွဲချောင်း နံရံမြေသားများ ပြိုကျပျက်စီးမှုဘေးမှ ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


