လှိုင်းဘွဲ   ၂၅   ဇူလိုင်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး ထောက်ပံ့ပစ္စည်းများကို လူငယ်ရေးရာကော်မတီဝင်များမှ ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် အထက(ခွဲ)ကွမ်တာ၊ အထက(ခွဲ)ဒိုင်းပြ၊ အထက(ခွဲ) လှိုင်းဘွဲကျောင်းများရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအား Hand Gel ၊ လက်သန့်ဆေးရည်၊ ကာပေါ်လစ်ဆပ်ပြာ၊ လက်အိတ်၊ အဝတ်နှာခေါင်းစည်း၊ အမျိုးသမီးအသုံးအဆောင်များနှင့် အင်္ကျီများအား ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းများသို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)