လှိုင်းဘွဲ၊ ၁၀ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းနှမ်းစမုံနက် စိုက်ပျိုးထားသော စိုက်ခင်းများအား ပိုးမွှားအန္တရာယ်ကျရောက်မှု ရှိ/မရှိ ဒီဇင်ဘာ ၉ ရက် နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဝင်းစိန်းကျေးရွာ တောင်သူဦးသို့သော်လည်း၏ စိုက်ပျိုးထားသော ဆောင်းနှမ်းစမုံနက် နှမ်းမျိုးစိုက်ခင်းအား ပိုးမွှားအန္တရာယ် ကျရောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး၊ နှမ်းများ ပွင့်ချိန်တွင် ပိုးမွှားအန္တရာယ် ကျရောက်မှု မရှိစေရေးအတွက် သတိပြုရမည့် ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းများ၊ အချိန်အခါအလိုက် ကျတတ်သော ပိုးမွှားအန္တရာယ်များ၊ ပိုးမွှားများ ကျရောက်လာပါက ဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


