လှိုင်းဘွဲ၊ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လူကိုသေစေနိုင်သော မည်သည့်လက်နက်ခဲယမ်းကိုမဆို တာဝန်ရှိသူများထံ အပ်နှံကြရန် လိုက်လည်ကြေညာခြင်းကို ဒီဇင်ဘာ ၂၆ ရက် ည ၇ နာရီမှ ၉ နာရီခွဲအထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် သိမ်းဆည်းထားရှိသော တူမီးသေနတ်၊ လေသေနတ်၊ ဂတ်သေနတ်၊ လက်လုပ်သေနတ်၊ လူကိုသေစေနိုင်သော မည်သည့်လက်နက်ခဲယမ်းကိုမဆို နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး (သို့မဟုတ်) ရဲစခန်းများသို့ လာရောက်အပ်နှံရန်၊ လာရောက်အပ်နှံခြင်း မရှိပါက သက်ဆိုင်ရာများမှ တာဝန်အရ ရှာဖွေသည့်အခါ တွေ့ရှိသိမ်းဆည်းရမိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များနှင့် ကမော့ကချူးကျေးရွာတို့တွင် လှည့်လည်ကြေညာခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)


