လှိုင်းဘွဲ အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်က ကြာအင်းကျေးရွာ အထက၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ကက ြာအင်းကျေးရွာတွင် အိမ်ထောင်စုစာရင်း သုံးခု၊ အသက် ၁၈ နှစ်အောက်ရှိသူများ ပုံစံ ၃(က)ဖြင့် ၂၆ ဦး၊ အသက်(၁၈)နှစ် အထက် ရှိသူများကို ပုံစံ ၆(က) ဖြင့် ၂၁ ဦး စုစုပေါင်း ၄၇ ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)